
Covid 19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Zoom Webinar video conferencing ကို (၁၆-၃-၂၀၂၀) ရက်နေ့ နံနက် (၉:၀၀) နာရီ မှ (၁၂:၀၀) နာရီ ထိ ပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှုးများ၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ပါမောက္ခဌာနမှုးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကုသရေးဦးစီးဌာန နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ သက်ဆိုင်ရာဌာနခွဲများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ရာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) နှင့် တာဝန်ရှိသူများမှ လည်း ပါဝင် ဆွေးနွေးခဲ့ကြပါသည်။