
Unidentified viral pneumonia suspected cases from Wuhan city များအား တွေ့ ရှိလျှင် ဓါတ်ခွဲ စစ်ဆေးနိုင်ရန် အတွက် Japanနိုင်ငံ၊ Niigata University မှ Prof. Reiki Saito နှင့် အဖွဲ့ မှ Influenza virus A, B နှင့် Respiratory Syncitial Virus test kit (၁၀၀)ခု အား အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ယနေ့(၈.၁. ၂၀၂၀)နံနက်ပိုင်းတွင် ပေးအပ်လှူဒါန်းရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓါတ်ခွဲ) ပါမောက္ခ ဒေါက်တာ ဌေးဌေးတင်မှ လက်ခံရယူခဲ့ပါသည်။ အစည်းအဝေးတွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Niigata University တို့ ပူးပေါင်း ဆောင်ရွက်မှု အနှစ် ၂၀ ပြည့် အခမ်းအနားကျင်းပ ရေး ကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ပါသည်။