၂၀၂၀ ခုနှစ်တွင် JICA နှင့် အမျိုးသားဓာတ်ခွဲမှုဆိုင်ရာ ဌာန၊ အမျိုးသားပဋိဇီဝ ဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ညှိနှိုင်းမှုဗဟိုဌာန) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အဖြစ် တစ်နိုင်ငံလုံးဆိုင်ရာ ပဋိဇီဝဆေးဝါး အသိပညာစစ်တမ်း ကို ပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုမှ အသက်အရွယ်ရောက်ပြီးသူပေါင်း ၂,၀၄၅ ယောက်ကို မိုဘိုင်းဖုန်းခေါ်ဆိုခြင်းဖြင့် မေးမြန်းခဲ့ပါသည်။ ပါဝင်ဖြေဆိုခဲ့သူ ၁% သာလျှင် ပဋိဇီဝဆေးဆိုင်ရာ အသိပညာ နှင့် ပဋိဇီဝဆေးများ အသုံးပြုမှုနှင့်ပတ်သက်သည့် မှန်/မှားမေးခွန်း ငါးခု စလုံးကို မှန်ကန်စွာ ဖြေဆိုနိုင်ကြသည်။
မေးခွန်းများမှာ
(၁) ပဋိဇီဝဆေးများသည် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်သည်။ (

)
(၂) ပဋိဇီဝဆေးများသည် အအေးမိဖျားနာခြင်း၊ တုပ်ကွေးမိခြင်းများအတွက် ထိရောက်မှု ရှိသည်။ (

)
(၆) ပဋိဇီဝဆေးများသောက်လျှင် မည်သည့်အချိန်တွင် ရပ်သင့်သည်ဟု ထင်သနည်း။
ကျေးဇူးပြု၍ ဤဗီဒီယိုကိုကြည့်ရှုပြီးပါက ပဋိဇီဝဆေးများကို မည်သို့သင့်လျော်စွာ သုံးစွဲရမည်ကို သိရှိ နားလည်နိုင်ပါသည်။ ထို့အပြင် သင် ရရှိခဲ့သော၊ နားလည်ခဲ့သော ပဋိဇီဝဆေး အသုံးပြုပုံ ကို သင်၏မိသားစု၊ သူငယ်ချင်းများနှင့် မျှဝေပေးကြပြီး မြန်မာနိုင်ငံတွင် ပဋိဇီဝဆေးယဉ်ပါးမှု ပျံ့နှံ့မှုကို အတူတကွ ကာကွယ်တားဆီးကြပါစို့။