ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ် ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များ ပိုမို အဆင့်မြှင့်တင် လုပ်ဆောင်နိုင်ရန် ရည်ရွယ်၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် National Center for Global Health and Medicine (NCGM)အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက်သော Myanmar- Japan Exchange programme 2020
“Strengthening Laboratory AMR surveillance and AMS in Myanmar” ဖွင့်ပွဲ အခမ်းအနားကို ၁၅.၁.၂၀၂၁ တွင် Online virtual meeting ဖြင့် ကျင်းပခဲ့ပါသည်။
ဤ အစီအစဉ်တွင် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးမှ အဏုဇီဝဗေဒ အထူးကုဆရာဝန်ကြီးများ၊ ရောဂါဗေဒ အထူးကုဆရာဝနိကြီးများနှင့် ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များပါဝင် ၍ virtual platform ဖြင့် သင်ခန်းစာများကို ဝင်ရောက်လေ့လာနိုင်ရန် စီစဉ်ထားပြီး ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ် ကာကွယ်တားဆီးရေး ဆိုင်ရာ ဓာတ်ခွဲလုပ်ငန်းစဉ်များ အဆင့်မြှင့်တင် နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ပါသည်။