(ရန်ကုန် ၁၇ ဇန်နဝါရီ ၂၀၂၀)

ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ (French Development Agency) အထောက်အပံ့ဖြင့် ဆောင်ရွက်လျှက်ရှိသော NHL-AFD project ၏ soft component ဖြစ်သော Strengthening NHL expertises လုပ်ငန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် IP mission for Quality Approach အတွက် Instut Pasteur မှ Scientific Project Manager, Dr Magali Herrant , နှင့် quality engineer များဖြစ်သော Mrs Andréa Rajaonarison နှင့် Mrs Maimouna Seye တို့ပါဝင်သော အဖွဲ့သည့် (၁၃-၁-၂၀၂၀) ရက်နေ့မှ (၁၇-၁-၂၀၂၀) ရက်နေ့အထိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ လာရောက်ခဲ့ကြပါသည်။

အဆိုပါ Mission အဖွဲ့ သည် (၁၃-၁-၂၀၂၀) ရက်နေ့နံနက်ပိုင်းတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင် ညွှန်ကြားရေးမှုး (ဓာတ်ခွဲ) ဒေါက်တာဝင်းသိန်း သက်ဆိုင်ရာ ဌာနမှုများ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ Quality Mission ၏ ရည်ရွယ်ချက်များ Mission တွင်ဆောင်ရွက်သွားမည့်လုပ်ငန်းများ NHL-AFD project soft component ဖြစ်သော Strengthening NHL expertises နှင့်ပတ်သက်သော လုပ်ငန်းများ ကို တင်ပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ Mission အဖွဲ့သည် (၁၃-၁-၂၀၂၀) မှ (၁၇-၁-၂၀၂၀) ရက်နေ့အထိ

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန ရှိ သွေးနမူနာလက်ခံသည့်ဌာန၊ Central Health Laboratory ၊ Virology section ၊ Clinical Pathology Section နှင့် Bacteriology Section များတွင် လက်ရှိ ဆောင်ရွက်လျှက်ရှိသော
ဓာတ်ခွဲနမူနာများ လက်ခံခြင်း၊ စစ်ဆေးခြင်း၊ အဖြေထုတ်ခြင်း စသည့် ဓာတ်ခွဲလုပ်ငန်းများ ဆောင်ရွက်နေပုံ အဆင့်ဆင့်ကို လေ့လာခြင်း
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန မှ ဝန်ထမ်းများကို Quality Management System နှင့်ပတ်သက်၍ သင်တန်းပေးခြင်း
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာ ဌာနမှ Quality Manager များနှင့်တွေ့ဆုံ၍ quality management နှင့်ပတ်သတ်၍ အကြံဉာဏ်ပေးခြင်း
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် (ဓာတ်ခွဲ)၊ ညွှန်ကြားရေးမှုး (ဓာတ်ခွဲ) နှင့် သက်ဆိုင်ရာ ဌာနမှုး များ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ISO 15189 ရရှိရေး အတွက် ဆွေးနွေးခြင်း များပြုလုပ်ခဲ့ကြပါသည်။

NHL-AFD project သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိဆောင်ရွက်မည့် ၅ နှစ်ကြာ စီမံကိန်းဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် function component (၃) ခု ပါဝင်ကာ component (1) တွင် အဆောက်အဦတည်ဆောက်ခြင်း လိုအပ်သော ပစ္စည်းကိရိယာများဝယ်ယူခြင်း Component (2) တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန၏ စွမ်းဆောင်ရည်မြင့်တင်ခြင်းလုပ်ငန်းများ (Strengthening NHL’s Expertises) နှင့် Component (3) တွင် laboratory Network Strengthening တို့ ပါဝင်ပါသည်။

ယခုလာရောက်သော Quality Approach Mission သည် NHL-AFD စီမံကိန်း Component (2) ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အတွက် Quality ပိုင်းနှင့်ပတ်သက်၍ Accreditation ရရှိရန် နှင့် ISO 15189 ရရှိရန် Quality Management System အတွက် လိုအပ်သော နည်းပညာဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် လာရောက်ခြင်းဖြစ်ပါသည်။