(၁၇/၅/၂၀၂၀)နေ့ နံနက် ၁၀:၀၀နာရီ တွင် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာ ဌာန (ရန်ကုန်မြို့) ၌
COVID 19 ရောဂါရှာဖွေစစ်ဆေးရေး လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ကမ္ဘောဇဘဏ် လီမိတက်မှ ကျပ်သိန်း (၁၂၅၀) တန်ဖိုးရှိအမေရိကန်နိုင်ငံထုတ် Caterpillar အမျိုးအစား 500KVA မီးစက် တစ်လုံးနှင့် ဆက်စပ် ပစ္စည်း များအား လည်းကောင်း၊
Soil Build (Myanmar)Co.,Ltd မှ ကျပ် သိန်း (၂၁၈) တန်ဖိုးရှိ generator Set House,Cabling, USP နှင့် ဆက်စပ်ပစ္စည်း များအားလည်းကောင်း ၊
Allen &Gledhill (Myanmar) Co., Ltd မှ US dollor (၁၀၀၀၀) (တစ်သောင်း)တန်ဖိုးရှိ COVID 19 Rapid Test Kit Device (၁၀၀၀)Units နှင့် Mask (၃၀၀၀)ခုတို့အား လည်းကောင်း အသီးသီးလာရောက် လှူဒါန်းခဲ့ရာ ဒုတိယညွန်ကြားရေးမှူးချုပ် (ဓါတ်ခွဲ ) ပါမောက္ခ Dr ဌေးဌေးတင်နှင့် တာဝန်ရှိသူများက အမျိုးသားကျန်မာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာန ကိုယ်စား ဝမ်းမြောက်စွာ လက်ခံ ရယူပေးပြီး ၊ အလှူရှင် များအား ဂုဏ်ပြု မှတ်တမ်းလွှာများနှင် ဂုဏ်ပြုလက်ဆောင်များ အသီးသီးပြန်လည် ပေးအပ်ခဲ့ပါသည်။