Country Coordination Meeting of South East Aisa Laboratory Network (SEALAB) Project အစည်းအဝေးကို (၁၃-၁၀-၂၀၂၀) ရက်နေ့ နေ့လယ် (၂:၀၀) နာရီမှ (၃:၃၀) နာရီထိ video conference ဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေး သို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) နှငိ့ တာဝန်ရှိသူများ Fondation Mérieux မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး workplan များ ဆောင်ရွက်ရမည့် လုပ်ငန်းများ ကိစ္စ ၊ Covid 19 ရောဂါဖြစ်ပွားမှူ ကာကွယ်ထိန်းချုပိရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန် ကိစ္စ ၊ သက်ဆိုင်ရာ နိုင်ငံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် ကိစ္စ များကို ဆွေးနွေးခဲ့ကြပါသည်။
SEALAB project သည် ဩစတေးလျ နိုင်ငံ အခြေစိုက် DFAT မှ အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဖြစ်ပြီး ကူးစက် ရောဂါများ ကမ္ဘာ့ကပ်ရောဂါများ တိရစ္ဆာန်မှ တဆင့်ကူးစက်တတ်သော ရောဂါများ ကားကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအပါအဝင် လာအိုနိုင်ငံ ကမ္ဘောဒီးယား နိုင်ငံ တို့၏ ဓာတ်ခွဲကွန်ယက်စနစ်အပါအဝင် ကျန်းမာရေးစနစ် ကို မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသော project ဖြစ်ပါသည်။