အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင် နှင့် ညွှန်ကြားရေးမှူးများ (ရောဂါဗေဒ၊ အဏုဇီဝဗေဒ)၊အထူးကုဆရာဝန်ကြီးများ(ရောဂါဗေဒနှင့် အဏုဇီဝဗေဒ)သည် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဆေးရုံကြီးများ၏ ရောဂါရှာဖွေရေး ဓါတ်ခွဲဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော ရောဂါဗေဒ နှင့် အဏုဇီဝဗေဒ ပါမောက္ခများ ၊အထူးကု ဆရာဝန်ကြီးများ နှင့်အထူးကုဆရာဝန်များ ပါဝင်သော virtual meeting များကို 6.1.2021မှ 8.1.2021 ရက်ထိ ၃ရက်ဆက်တိုက် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် မိမိတို့ဆေးရုံအလိုက် ဝန်ထမ်းအင်အား ၊ဓာတ်ခွဲစက်ပစ္စည်းများ၊ reagentsများ ၏ ရရှိမှု ၊ထပ်မံလိုအပ်မှုများ၊ ဓာတ်ခွဲ workloadများ ၊ သွေးလှူဘဏ် လုပ်ငန်း၊ပုံမှန်ဓာတ်ခွဲ လုပ်ငန်း၊ covid 19 ဓာတ်ခွဲမှု ဆိုင်ရာ လုပ်ငန်းများ နှင့် ပတ်သက်သည့်ဆောင်ရွက်ထားရှိမှုများ၊အောင်မြင်မှုများ ၊အခက်အခဲများနှင့် စိန်ခေါ်မှုများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆေးရုံများ၏ ဓာတ်ခွဲ workload များ၊ လက်ရှိအခြေအနေနှင့် ပထဝီအနေအထားအရ အရေးပါမှုများပေါ်မူတည်၍ ဓာတ်ခွဲလူအင်အားဖြည့်ဆည်းပေးရန် ၊ စက်ပစ္စည်းများကိုလဲ လုပ်ငန်းလိုအပ်ချက်မြေပြင်အနေအထားကို သိရှိရ၍ ယခုဘဏ္ဍာ နှစ်တွင် စက်ပစ္စည်းတချို့ ကို ထောက်ပံ့ပေးမည် ဖြစ်ပြီး တချို့ကို လာမယ့်နှစ်များတွင် ထောက်ပံ့ပေးနိုင်ရန်နှင့် ၊အနာဂတ် တွင် ဓာတ်ခွဲခန်းများအဆင့်မြှင့်တင်ရန်အတွက် စီမံကိန်းများချမှတ် ဆောင်ရွက်ရန် ၊ထို့ပြင် ဓာတ်ခွဲခန်းများ၏ biosafety၊ biosecurity များအတွက် နည်းပညာ နှင့်စက်ကရိယာများ ထောက်ပံ့နိုင်ရန်၊
ဓာတ်ခွဲဝန်ထမ်းများအတွက် လိုအပ်မယ့် training (Quality manangement, biosafety and refresher training )များကို NHL တွင် သင်တန်းများခေါ်မပေးနိုင်မှီကာလအတွင်း ဌာနမှူးများမှ virtual online သင်တန်းများပေးရန် ၊ မိမိတို့ဆေးရုံ speciality အလိုက် လိုအပ်နိုင်သော ပြည်ပ training များကို နောင်အလျင်းသင့်ချိန်တွင် သွားရောက်လေ့လာနိုင်ရန်၊ရရှိလာသော ဘာသာရပ်ဆိုင်ရာ အသိပညာများကိုအသုံးပြုပြီး မိမိနိုင်ငံ အခြေအနေပေါ်မူတည်၍ ဓာတ်ခွဲလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စွာ အဆင့်မြှင့်လည်ပတ်နိုင်ရေးကိုဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ စီမံကိန်းများရေးဆွဲ၍ တင်ပြသွားမည်ဖြစ်ကြောင်း လမ်းညွှန်ဆွေးနွေးခဲ့ပါသည်။ ဆေးရုံတခုချင်းစီ၏ မြေပြင်အနေအထား၊ အခက်အခဲ ၊အောင်မြင်စွာဆောင်ရွက်နိုင်မှုများကို သိရှိရ၍ အမှန်တကယ် ဖြည့်တင်းထောက်ပံ့ရန် နှင့် အဆင့်မြှင့်တင်ရန် လိုအပ်မှုများကို ရေတို ရေရှည် စီမံကိန်းများဖြင့် စဥ်ဆက်မပြတ် ဓာတ်ခွဲလုပ်ငန်းများ အရည်အသွေးမြှင့်တင်နိုင်မည်ဖြစ်သည့်အတွက် လွန်စွာ အကျိုးရှိသော အစည်းအဝေး တရပ်ဖြစ်ခဲ့ပါသည်။