“Regional Simulation Exercise on Surveillance and Response of Influenza among GMS countries” တွင်ပါဝင်သူများမှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသို့လာရောက်လေ့လာ

(ရန်ကုန် ၂၈-၁၁-၂၀၁၉)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ADB GMS-HS US CDC တို့ ပူးပေါင်း၍ (၂၇-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိကျင်းပ ပြုလုပ်သော “Regional Simulation Exercise on Surveillance and Response of Influenza among GMS countries” ၏ ဒုတိယနေ့ ဖြစ်သော (၂၈-၁၁-၂၀၁၉) ရက်နေ့တွင် လေ့ကျင့်ခန်းတွင် ပါဝင်တက်ရောက်သူများမှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ site visit လာရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများမှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန၏ လက်ရှိဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ National Influenza Centre အကြောင်း Influenza Like illness နှင့် Severe Respiratory tract infection စောင့်ကြပ်ကြည့်ရှုမှု အခြေအနေ ရာသီတုပ်ကွေးရောဂါ ဗိုင်းရပ်စ် ပိုးနှင့် ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ် ပိုး များ စစ်ဆေးလျှက်ရှိမှု အခြေအနေများ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် အခြား နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိမှု အခြေအနေများ စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှတုပ်ကွေးဗိုင်းရပ်စ်ပိုး စစ်ဆေးသည့် ဓာတ်ခွဲခန်းများကို လိုက်လံကြည်ရှုလေ့လာခဲ့ကြပါသည်။ နေ့လယ်ပိုင်းတွင် လေ့ကျင့်ခန်းတွင်ပါဝင်သူများ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှ ကိုယ်စားလှယ်များ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများမှ အဏုဇီဝဗေဒ ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ ကြက်ငှက်တုပ်ကွေးရောဂါပိုးတွင်စတင်တွေ့ရှိသည့် Pre Pandemic Phase ဖြစ်ပွားသည့် ပုံစံ သဏ္ဍာန်တူလေ့ကျင့်ခန်း (simulation exercise) အား ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ လေ့ကျင့်ခန်းသည် မဲခေါင်မြစ်ဝှမ်းဒေသအတွင်း တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ အားနည်းချက်များ အားသာချက်များကို ဖော်ထုတ်နိုင်ရေးအတွက် ပုံစံ သဏ္ဍာန်တူ လေ့ကျင့်ခန်းဖြစ်ပြီး (၂၇-၁၁-၂၀၁၉) ရက်နေ့မှ (၂၉-၁၁-၂၀၁၉) ရက်နေ့အထိ ၃ ရက်ကြာမြင့်ကာ မဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများဖြစ်သော မြန်မာ တရုတ် လာအို ဗီယက်နမ် ထိုင်း ကမ္ဘောဒီးယား နိုင်ငံများမှ epidemiologist, laboratory, animal health နှင့် point of entry တို့မှ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး ဒုတိယနေ့ site visit အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ ဝေဘာဂီ အထူးကုဆေးရုံကြီး ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန နှင့် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနများသို့ အဖွဲများ ခွဲ၍ သွားရောက်လေ့လာခဲ့ကြပါသည်။