
ဦးစီးအရာရှိ/လုပ်ငန်းအရာရှိ (ဓာတ်ခွဲ/ဇီဝဓာတု) ရာထူးအတွက် ရေးဖြေ စစ်ဆေးခြင်းကို (၂၅-၂-၂၀၂၀) ရက်နေ့ နံနက် ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄) တွင်ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရေးဖြေစစ်ဆေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန) ဒေါက်တာ စိုးဦး နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်း အတွင်းဝန် ဦးစိန်ဝင်း တို့မှ လာရောက်ကြည့်ရှုခဲ့ပါသည်။
လူတွေ့ဖြေဆိုခွင့်ရရှိသူစာရင်းကို (၂၆-၂-၂၀၂၀) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ရုံးအမှတ် (၄) ကြော်ငြာ သင်ပုန်းတွင် လည်းကောင်း၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန National Health Laboratory facebook page တွင် လည်းကောင်းကြေညာသွားမည်ဖြစ်ပါသည်။
လူတွေ့ဖြေဆိုခွင့်ရရှိသူများ အား လူတွေ့စစ်ဆေးခြင်းကို (၂၇-၂-၂၀၂၀) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄) တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။