အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ဆိုင်ရာကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေး ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ပြည်သူ့လွတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ မြန်မာ့ဆေးဝါးလုပ်ငန်း မှ ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဌ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးဝါးပညာရှင်အသင်း တို့မှ ကိုယ်စားလှယ်များ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။အစည်းအဝေးတွင် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ဆိုင်ရာကော်မတီ ဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) မှ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများ၊ လက်ရှိဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ အား တင်ပြဆွေးနွေးခဲ့ပြီး အခမ်းအနားတက်ရောက်သူများ မှ ပြန်လည်ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးအား ညနေ (၄:၃၀) တွင်ရုပ်သိမ်းခဲ့ပါသည်။