အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန မှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည့် NHL-AFD Project ၏ soft component တွင်ပါဝင်သော လုပ်ငန်းများနှင့် ပတ်သက်၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန နှင့် Institute Pasteur တို့ အကြား ဆွေးနွေးပွဲကို ၈-၁၀-၂၀၂၀ ရက်နေ့ နေ့လယ် (၂:၀၀) နာရီမှ (၃:၃၀) နာရီ အထိ video conference ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ video conference သို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ညွှန်ကြားရေးမှူး (ရောဂါဗေဒ) နှင့် တာဝန်ရှိသူများ ၊ Institute Pasteur မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကာ NHL-AFD project ၏ soft component လုပ်ငန်းများနှင့် ပတ်သက်၍ Project Management Unit - Soft component meeting ကျင်းပရေးကိစ္စ၊ Soft component အတွက် ဝန်ထမ်းများ ခန့်အပ်ရေးကိစ္စ၊ နောင်နှစ်တွင် ဆောင်ရွက်သွားမည့် Mission များကိစ္စ ၊ ဓာတ်ခွဲဝန်ထမ်းများ သင်တန်းပေးရန် ကိစ္စ ၊ communication and visibility plan ကိစ္စ များကို ဆွေးနွေးခဲ့ကြပါသည်။
NHL-AFD project သည် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) မှ ချေးငွေ (Loan) ယူရို (၂၂) သန်း၊ ဥရောပ သမဂ္ဂ မှ ထောက်ပံ့ငွေ (Grant) ယူရို (၅) သန်းဖြင့် ဆောင်ရွက်လျှက်ရှိသော စီမံကိန်း ဖြစ်ပါသည်။
စီမံကိန်း တွင် Hard component နှင့် Soft component အပိုင်း (၂) ပိုင်းပါဝင်ကာ Hard component တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ ဇီဝ လုံခြုံမှု အဆင့် (၂) နှင့် အဆင့် (၃) ဓာတ်ခွဲခန်း များပါဝင်သော ၄ ထပ်ဆောင် အဆောက်အဦ အသစ် တည်ဆောက်ခြင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန ပင်မဆောင် အဆောက်အဦ (အဟောင်း) ကို ပြုပြင်မွမ်းမံခြင်း ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) ကို ပြုပြင်မွမ်းမံခြင်း လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူခြင်းတို့ ပါဝင်ပြီး Soft component တွင် ဓာတ်ခွဲဝန်ထမ်းများကို သင်တန်းပေးခြင်းများ အပါအဝင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများ laboratory network strengthening လုပ်ငန်းများ ပါဝင်ပါသည်။
စီမံကိန်းကာလအနေဖြင့်၂၀၁၈ ခုနှစ် မှ ၂၀၂၃ နှစ် အထိ (၅) နှစ် တာကြာမြင့်မည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ ၊ ဥရောပ သမဂ္ဂ ၊ Institut Pasteur နှင့် Fondation Mérieux တို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော စီမံကိန်း ဖြစ်ပါသည်။