အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) မှ ဓာတ်ခွဲစစ်ဆေးသူ (ပထမတန်း) သင်တန်းများ ခေတ္တရပ်နား၍ မိမိတို့လက်ရှိတာဝန်ကျရာ ဆေးရုံများသို့ ပြန်လည်တာဝန်ထမ်းဆောင်မည့် သင်တန်းသား/သင်တန်းသူများနှင့် တွေ့ဆုံ၊ သင်တန်းသား/သင်တန်းသူများမှ သင်တန်းခေတ္တရပ်နားချိန်တွင် ရန်ကုန်မြို့ရှိ ဝေဘာဂီ အထူးကုဆေးရုံကြီးများ နှင့် ကန်တော်နဒီ အထူးကုဆေးရုံကြီးများတွင် စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြု

ရန်ကုန် (၂၁-၃-၂၀၂၀)

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) နှင့် တာဝန်ရှိသူများသည် (၂၀-၃-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် ဓာတ်ခွဲစစ်ဆေးသူ (ပထမတန်း) သင်တန်းများကို ခေတ္တရပ်နား၍ လက်ရှိမိမိတို့တာဝန်ထမ်းဆောင်လျှက်ရှိသော မူရင်းဌာန/ဆေးရုံများ သို့ပြန်လည်တာဝန်ထမ်းဆောင်မည့် သင်တန်းသား/သင်တန်းသူ များနှင့်တွေ့ဆုံခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲ၌ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) မှ လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေများ လက်ရှိဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ သင်တန်း ခေတ္တရပ်နားရသည့် အကြောင်းအရင်းများ လက်ရှိ ဆေးရုံများတွင် ဓာတ်ခွဲဝန်ထမ်းများ လစ်လပ်မှု အခြေအနေများ ဝေဘာဂီ နှင့် ကန်တော်နဒီ ဆေးရုံများတွင် ဓာတ်ခွဲဝန်ထမ်းများ လိုအပ်မှု အခြေအနေ တို့ကိုရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းရပ်နားစဉ်ကာလ အတွင် အဆိုပါ ဆေးရုံကြီးများတွင် သင်တန်းသား သင်တန်းသူများမှ စေတနာ့ဝန်ထမ်း (volunteer) တာဝန် ထမ်းဆောင် လိုပါက ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းသားသင်တန်းသူများမှ သင်တန်းခေတ္တရပ်နားစဉ်ကာလ (၂၃-၃-၂၀၂၀) ရက်နေ့မှ (၃၀-၄-၂၀၂၀) ရက်နေ့ အတွင်း ဝေဘာဂီ အထူးကုဆေးရုံကြီး တွင် (၁၀) ဦး ကန်တော်နဒီ အထူးကုဆေးရုံကြီး တွင် (၄) ဦး နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် (၅) ဦး တာဝန်ထမ်းဆောင်ရန် ဆန္ဒ ပြုခဲ့ကြပါသည်။