အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ Institut Pasteur ၏ “Chemical and Biological Risk Prevention Mission” အဖွဲ့လာရောက်၊ Chemical and Biological Safety နှင့်ပတ်သက်၍သင်တန်းပို့ချ

ရန်ကုန် (၉-၁၂-၂၀၁၉)

Institut Pasteur မှ Dr. Magali Herrant, Project Manager, International department, Institut Pasteur Paris ဦးဆောင်၍ Mrs. Nathalie Denoyes, Head of Technical Resources and Environment Head ၊ Dr. Sylvie Chauvaux, biosafety engineer, expert in containment laboratories ၊ Mr. Corentin Tropee, hygiene and safety engineer နှင့် Ms. Louise Denoyes တို့ပါဝင်သော “Chemical and Biological Risk Prevention Mission” အဖွဲ့သည် (၉-၁၂-၂၀၁၉) ရက်နေ့နံနက်ပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့လာရောက်ခဲ့ရာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင် မှ လက်ခံတွေ့ဆုံခဲ့ပြီး ၊ ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါက်တာဝင်းသိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအယ်ထူးဖေ၊ ရောဂါဗေဒ နှင့် အဏုဇီဝ ဗေဒဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ များတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အနေဖြင့် ယခုလာရောက်သော Mission သည် ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ (AFD) ၏ အထောက်အပံ့ဖြင့်ဆောင်ရွက်လျှက်ရှိသော AFD-NHL project ၏ Component 2: Strengthening the NHL expertise ဖြစ်သော ဓာတ်ခွဲဝန်ထမ်းများ၏ စွမ်းရည်မြင့်တင်ရေးလုပ်ငန်းများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ AFD-NHL project တွင် အပိုင်း (၃) ပိုင်း ပါဝင်ပြီး Component (1) ဇီဝလုံခြုံမှု အဆင့် (၃) ရှိသည့် ဓာတ်ခွဲခန်းများပါဝင်သောအဆောက်အဦအသစ်တည်ဆောက်ရေး နှင့် အဆောက်အဦအဟောင်းအား အထွေထွေကြံ့ခိုင်မှုအဆင့်မြှင့်တင်ရေး၊ laboratory equipment များ ဝယ်ယူရေး ၊ Component (2) တွင် ဓာတ်ခွဲဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ခြင်းနှင့်၊ Component (3) Laboratory network Strengthening တို့ဖြစ်ပါကြောင်း၊
NHL-AFD Project ပြီးဆုံးပါက ဇီဝလုံခြုံမှု အဆင့် (၃) ရှိသော ဓာတ်ခွဲခန်းများပါဝင်လာမည်ဖြစ်သည့်အတွက် အဆိုပါ ဓာတ်ခွဲခန်းများကို ကျွမ်းကျင်စွာကိုင်တွယ်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ Mission အဖွဲ့များလာရောက်၍ သင်တန်းများပို့ချပေးသွားမှာဖြစ်သလို ဓာတ်ခွဲဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့လည်းသင်တန်းများစေလွှတ်သွားမည်ဖြစ်ပါကြောင်း
Institut Pasteur Mission အဖွဲ့သည် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိလာရောက်၍ Training need assessment ဆောင်ရွက်ခဲ့ပြီး အဆိုပါ Need Assessment မှ ရလဒ်များပေါ်အခြေခံ၍ ဓာတ်ခွဲဝန်ထမ်းများကို သင်တန်းများပေးသွားမည်ဖြစ်ပါကြောင်း
ယနေ့နေ့လယ်ပိုင်းမှစတင်၍ NHL ရှိဝန်ထမ်းများကို “Chemical and Biological Risk Prevention” နှင့်ပတ်သက်၍ Institut Pasture မှ သင်တန်းပို့ချသွားမည်ဖြစ်ပါကြောင်း
သင်တန်းဆရာများအနေဖြင့် ထိရောက်စွာ နှင့် အမှန်တစ်ကယ်တတ်မြောက်အောင် သင်ကြားပေးသွားရန်နှင့် သင်တန်းသား သင်တန်းသူများအနေဖြင့် သေခြာစွာသင်ယူလေ့လာသင်ယူသွားရန်လိုအပ်ပါကြောင်း၊ အကျိုးရှိမည့်သင်တန်းဖြစ်ပါကြောင်းဖြင့်ပြောကြားခဲ့ပါသည်။
Institut Pasteur ၏ “Chemical and Biological Risk Prevention Mission” သည် (၉-၁၂-၂၀၁၉) ရက်နေ့မှ (၁၃-၁၂-၂၀၁၉) ရက်နေ့အထိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရှိ အဏုဇီဝ နှင့် ရောဂါဗေဒဆိုင်ရာ ဆရာဝန်များ၊ ဓာတ်ခွဲဝန်ထမ်းများကို Chemical and Biological Safety နှင့်ပတ်သက်၍ သင်တန်းများပေးသွားမည်ဖြစ်ပါသည်။