အမေရိကန် ရောဂါထိန်းချုပ်မှု ဗဟိုစင်တာ (US centres for Disease Control) မှ ထိုင်းနိုင်ငံ အခြေစိုက်ရုံး (US CDC, Thailand) မှ Country Director Mr. John Reed McArthur နှင့် မြန်မာနိုင်ငံ အခြေစိုက်ရုံး (US CDC, Myanmar) မှ Country Director Mitesh Desai တို့ဦးဆောင်သော အဖွဲ့ နှင့် WHO နှင့် JICA တို့မှ ကိုယ်စားလှယ်များသည် ၁၈-၂-၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ လာရောက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) နှင့် တာဝန်ရှိသူများမှ လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး လက်ရှိ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျှက်ရှိမှု အခြေအနေ ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနအနေဖြင့် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး COVID-19 ရှိ မရှိ အတည်ပြုစစ်ဆေးနိုင်မှု အခြေအနေ ၊ ရောဂါပိုး စစ်ဆေး နိုင်ရန်အတွက် လိုအပ်သော ဓာတ်ခွဲ ပစ္စည်းများ ရရှိနိုင်မှု အခြေအနေ ၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ နှင့် JICA တို့မှ အကူအညီပေးနေမှု များ နှင့် US CDC မှ အကူအညီပေးအပ်မည့် ကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။