မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ ခုတင် ၅၅၀ အထူးကုဆေးရုံကြီး တွင် ကျင်းပပြုလုပ်သည့် (၆၁) ကြိမ်မြောက် ဓာတ်ခွဲကျွမ်းကျင် သင်တန်း အတွက် မန္တလေးမြို့ ခုတင် ၅၅၀ ကလေးအထူးကုဆေးရုံကြီး တွင် သင်ကြားမည့် ဓာတ်ခွဲကျွမ်ကျင် အဆင့် (၄) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို (၈-၁၁-၂၀၁၉) ရက်နေ့ နေ့လယ် (၂:၀၀) နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ခုတင် (၅၅၀) ကလေးအထူးကုဆေးရုံကြီးမှ တာဝန်ရှိသူများ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာနမှ တာဝန်ရှိသူများ နှင့် သင်တန်းသား သင်တန်းသူ (၁၉) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ဒုတိယ ညွှန်ကြားရေးမှုးချုပ် (ဓာတ်ခွဲ) နှင့် ခုတင် (၅၅၀) ကလေးအထူးကုဆေးရုံ ဆေးရုံအုပ်ကြီးတို့မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) နှင့် တာဝန်ရှိသူများမှ သင်တန်းသား/သူများအား ဂျူတီကုတ် ဝတ်ဆင်ပေးခြင်း သင်တန်းသား/သူများ အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း သင်တန်းသား/သူ များ ကိုယ်စား သင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခြင်းတို့ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ (၃:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

မန္တလေး (၈-၁၁-၂၀၁၉)