
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း
မန္တလေး (၁၈-၁၁-၂၀၁၉)
ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနား ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် မန္တလေးမြို့ရှိ Hotel Sakura Princess တွင်ပြုလုပ်ခဲ့ ပါသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာ ဌေးဌေးတင်၊ မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်၊ ဆေးရုံအုပ်ကြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဒေါက်တာတင်တင်မိုး၊ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး)၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ဆေးဝါးတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်(မန္တလေး)၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ ရောဂါဗေဒ အထူးကုဆရာဝန်ကြီးများ၊ အဏုဇီဝဗေဒ အထူးကု ဆရာဝန်ကြီးများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး ပြည်သူကျန်းမာရေး/ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန (အထက်မြန်မာပြည်)၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တို့မှ တာဝန်ရှိသူများ ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ADB (GMS-HS) , JICA နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)/အတွင်းရေးမှူး၊ အမျိုးသားအဆင့်ပဋိဇီ၀ဆေးယဉ်ပါးမှု တိုက်ဖျက် ရေးဆိုင်ရာကော်မတီမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ National Technical Officer (AMR) ဒေါက်တာ ဇာဇာနိုင်က ဒေသတွင်း နှင့် ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျှက်ရှိသည့် ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်ပွားမှု အခြေအနေ (AMR Situation on Global and Regional) ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ဖျော်ဖြေရေး အကအဖွဲ့များမှ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော Key Message များကိုင်ဆောင်၍ ကပြဖျော်ဖြေခဲ့ကြပြီး နောက် အခမ်းအနားတက်ရောက်လာသူများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အခမ်းအနား ဒုတိယ အပိုင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာ ဌာနမှပါမောက္ခဒေါက်တာဝင်းမေသိန်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါက်တာဝင်းသိန်း၊ မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်၊ ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မှ သုတေသနအရာရှိ ဒေါက်တာအောင်ထွန်း နှင့် ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာကြည်ရှင် တို့မှ Antimicrobial Resistance နှင့် ပတ်သက်၍ One Health Approach ရှုထောင့်မှ ဝိုင်းဖွဲ့ဆွေးနွေးခြင်းတို့ကိုလုပ်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၃၀) တွင်ရုပ်သိမ်းခဲ့ပြီး တက်ရောက် လာသူများအား နေ့လည်စာဖြင့်တည့်ခင်းဧည့်ခံခဲ့ပါသည်။
၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) သည် နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။