ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) မှ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံကြီးများတွင် တာဝန် ထမ်းဆောင်နေသော ရောဂါဗေဒ နှင့် အဏုဇီဝ အထူးကုဆရာဝန်များ နှင့် တွေ့ဆုံ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) သို့ သွားရောက်

ပါမောက္ခ ဒေါက်တာဌေးဌေးတင်၊ ဒုတိယညွှန်ကြားရေးမှုးချုပ် (ဓာတ်ခွဲ)၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန သည် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပြည်သူ့ဆေးရုံများ မှ ရောဂါဗေဒ နှင့် အဏုဇီဝ အထူးကု ဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန် များ နှင့် (၈-၁၁-၂၀၁၉) ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့ရှိ ကုတင် ၅၅၀ ဆံ့ ကလေး အထူးကုဆေးရုံကြီး ၌ တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်လာသူများမှ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများရှိ ဓာတ်ခွဲ လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်မှု အခြေအနေများ၊ ဓာတ်ခွဲပစ္စည်းများ စက်ပစ္စည်းများ နှင့် ဝန်ထမ်းအင်အား အခြေအနေများ လိုအပ်ချက်များ ကို တင်ပြခဲ့ ကြပြီး ဒုတိယ ညွှန်ကြားရေးမှုးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ်သည် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (မန္တလေး) သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေဆုံခဲ့ပါသည်။