ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ လာရောက်

ရန်ကုန် (၄-၄-၂၀၂၀)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တကွ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ နှင့် တာဝန်ရှိသူများ ပါဝင်လျက် (၄-၄-၂၀၂၀) ရက်နေ့ နေ့လယ်ပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့လာရောက်၍ လက်ရှိ COVID 19 ရောဂါရှိ/မရှိ ဓာတ်ခွဲအတည်ပြုစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို လာရောက်ကြည့်ရှုခဲ့ရာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) နှင့် တာဝန်ရှိသူများမှ လက်ရှိ ဆောင်ရွက်လျှက်ရှိသော COVID 19 ရောဂါပိုး ရှိ/မရှိ PCR နည်းပညာဖြင့် စမ်းသပ်စစ်ဆေးမှု အခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လိုအပ်ချက်များ၊ အားနည်းချက် နှင့် အားသာချက်များ စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး ဓာတ်ခွဲခန်းများကို လိုက်လံပြသခဲ့ရာ ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် COVID 19 ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသော ဓာတ်ခွဲဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး မွန်လွဲ (၂:၃၀) တွင် ပြန်လည် ထွက်ခွာ သွားခဲ့ပါသည်။