Training on COVID-19 Testing using the GeneXpert platform with safety precautions

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန၊ ရန်ကုန်မြို့တွင် ၁၁.၈.၂၀၂၀ ရက်နေ့နှင့် ၁၂.၈.၂၀၂၀ ရက်နေ့တို့၌ Training on COVID-19 Testing using the GeneXpert platform with safety precautions သင်တန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရောဂါဗေဒအထူးကုဆရာဝန်ကြီးများ၊ အဏုဇီဝဗေဒအထူးကုဆရာဝန်ကြီးများ၊ ဓါတ်ခွဲကျွမ်းကျင်ဝန်ထမ်းများအား သင်ကြား ပို့ချခဲ့ပါသည်။

Workshop on standardization of WHONET software for AMR surveillance (13.3.2020)

Workshop on standardization of WHONET software for AMR surveillance (13.3.2020) တတိယ အသုတ် ကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန နှင့် JICA အဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ တိုင်း နှင့်ပြည်နယ်‌များရှိ အဏုဇီဝဗေဒ ဆရာဝန်များ၊ ရောဂါဗေဒ ဆရာဝန်များ နှင့် ဓာတ်ခွဲ ကျွမ်းကျင် ဝန်ထမ်း များအားဖိတ်ကြား၍ AMR data ထည့်သွင်းပုံများ၊ software အသုံးပြုပုံများနှင့် data analysis ပြုလုပ်ပုံများကို ဆွေးနွေး တင်ပြခဲ့ပါသည်။

Polymerase Chain Reaction (PCR) နည်းပညာဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှုများကို လာရောက်လေ့လာ

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နှင့် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး တို့မှ အဏုဇီဝ ဆိုင်ရာ အထူးကု ဆရာဝန်များ သည် (၁၃-၃-၂၀၂၀) ရက်နေ့ တွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန သို့လာရောက်၍ ကိုရိုနာဗိုင်းရပ်စ်ပိုး (Covid-19) ရှိ/မရှိ Polymerase Chain Reaction (PCR) နည်းပညာဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှုများကို လာရောက်လေ့လာခဲ့ကြပါသည်။

Workshop on standardization of WHONET software for AMR surveillance

Workshop on standardization of WHONET software for AMR surveillance (12.3.2020) ဒုတိယ အသုတ် ကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန ၌ JICA အဖွဲ့အစည်း ၏အကူအညီ ဖြင့် တိုင်း နှင့်ပြည်နယ်‌များရှိ အဏုဇီဝဗေဒ ဆရာဝန်များ၊ ရောဂါဗေဒ ဆရာဝန်များ နှင့် ဓာတ်ခွဲ ကျွမ်းကျင် ဝန်ထမ်း များအားဖိတ်ကြား၍ AMR data ထည့်သွင်းပုံများ၊ software အသုံးပြုပုံများနှင့် data analysis ပြုလုပ်ပုံများကို ဆွေးနွေး တင်ပြခဲ့ပါသည်။

Workshop on Standardization of WHONET Software for AMR Surveillance

အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန နှင့် JICA အဖွဲ့အစည်း တို့‌ပူးပေါင်းဆောင်ရွက်သော Workshop on Standardization of WHONET Software for AMR Surveillance (ပထမအသုတ်) ကို 28.2.2020 ၌ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင်ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသော ‌အဏုဇီဝဗေဒ ဆရာဝန်များ၊ ရောဂါဗေဒ ဆရာ ဝန်များ နှင့် ဓာတ်ခွဲ ကျွမ်းကျင်ဝန်ထမ်း များ တက်ရောက်ခဲ့ကြပါသည်။ သင်တန်း၌ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ data အချက်အလက်များ မှန်ကန်စွာ ရရှိနိုင်ရေးအတွက် WHONET software အားအသုံးပြု တည်ဆောက်ပုံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

TOT training on Laboratory Biosafety training curriculum

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန နှင့် Asia Development Bank တို့၏ပူးပေါင်းဆောင်ရွက်မှုဖြင့် Greater Mekong Subregion - Health Security project တွင်ပါဝင်သော တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ဆေးရုံ ကြီးများမှ ရောဂါဗေဒဆရာဝန်များ၊ အဏုဇီဝဗေဒ ဆရာဝန်များ နှင့် ဓာတ်ခွဲကျွမ်းကျင်ဝန်ထမ်းများအားဖိတ်ကြား၍ 25-2-2020 မှ28-2-2020ရက်နေ့ ကာလအတွင်း၌ ဇီဝလုံခြုံမှု နှင့်သက်ဆိုင်သော TOT training on Laboratory Biosafety training curriculum ကိုကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်း၌ Mehidol Oxford Tropical Medicine Research Unit မှ Head of Safety/ Senior researcher Prof. Stuart D.

TOT Training on Laboratory Biosafety Training Curriculum

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန နှင့် GMS Health Security Project တို့ မှ ပူးပေါင်းကျင်းပသော TOT Training on Laboratory Biosafety Training Curriculum (25.2.2020 to 28.2.2020)

Biosafety, PPE, Waste management training

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုအနေဖြင့် Biosafety, PPE, Waste management training များကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ဓါတ်ခွဲဝန်ထမ်းများအား နှစ်ဖွဲ့ ခွဲကာ ဒုတိယအဖွဲ့ အား သင်တန်းပေးခဲ့ပါသည်

Pages